Sunday, January 24, 2016

Samsung Phone Google Verify Bypass

Samsung Phone ၊ Lollipop Version ၊ Google Account ၀င်ထားတဲ့ Phone တွေမှာ
Recovery ကနေ Factory reset ချပြီးလို့ ပြန်တက်လာရင် အရင်ဝင်ထားတဲ့ Google Account ကိုပြန်တောင်းပါတယ်။ တကယ်လို့ Google Account ပြန်မထည့်ပေးနိုင်ရင်တော့ ၄င်းအဆင့်ကနေဆက်သွားလို့မရတော့ပါဘူး။ အခုပြပေးမှာက ၄င်းအဆင့်ကို ကျော်တဲ့နည်းပါ။ လိုအပ်တဲ့ Software ကတော့ samsung bypass google verify.apk ဖြစ်ပါတယ်။ အောက်ကလင့်မှာ Download လုပ်နိုင်ပါတယ်။
http://d-h.st/B9sx



Download လုပ်ပြီးရလာတဲ့ samsung bypass google verify.apk ကို SD Card ထဲကူးထည့်ပါ။ပြီးရင် ၄င်း SD Card ကို OTG သုံးလို့ရတဲ့ Card Reader ထဲထည့်ပြီး Samsung Phone မှာတပ်ပါ။ ဒါဆိုရင် ဖုန်းမှာ SD Card ပေါ်လာမှာဖြစ်ပြီး ၄င်း SD Card ထဲက samsung bypass google verify.apk ကို install လုပ်ပေးပါ။ပြီးရင် ၄င်း app ကို install လုပ်ပြီးတာနဲ့ တခါထဲ Open လုပ်ပါ။ ၄င်း app ကို ဖွင့်လိုက်ရင် ဖုန်းရဲ့ setting ထဲရောက်သွားမှာဖြစ်ပြီး setting ထဲကမှတဆင့် Factory Reset ချပေးရမှာဖြစ်ပါတယ်။ Factory Reset ချရင် Google Account ပြန်ထည့်ပေးစရာမလိုတော့ပါ။ Factory Reset ချပြီးလို့ ပြန်တက်လာရင် Google Account ထည့်ပေးရမယ့်အဆင့်မှာ Skip နဲ့ကျော်လို့ရသွားမှာဖြစ်ပါတယ်။
အားလုံးအဆင်ပြေပါစေ။

No comments:

Post a Comment