Tuesday, January 26, 2016

Samsung Phone များတွင် Factory Mode Error ဖြေရှင်းနည်း

Samsung Phone များတွင် အောက်တွင်ပြထားသည့်ပုံအတိုင်း Factory Mode ၀င်နေပါက ဖြေရှင်းတဲ့နည်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။
- Phone ကို Root ပြုလုပ်ထားပါ။
- Root Explorer.apk ကိုဖုန်းမှာ install လုပ်ထားပါ။
- Root Explorer ထဲဝင်ပါ။ Super User Request တောင်းသည့် Message Box ကျလာပါက Allow ကိုရွေးပေးပါ။
- efs/FactoryApp ထဲဝင်ပါ။
- factorymode ဖိုင်ကို ခပ်ကြာကြာလေးဖိ၊ ကျလာတဲ့ Option ထဲက Open in Text Editor ကိုရွေး၊ Editor တွင် OFF ကို ON ပြောင်းပြီး Save လုပ်ပေးပါ။
- keystr ကိုလည်း ထိုနည်းအတိုင်း OFF ကို ON ပြောင်းပေးပြီး Save လုပ်ပေးပါ။
- ၄င်း File နှစ်ခုစလုံးကို Permission rwxr--r-- ဖြစ်နေရပါမယ်။ မဖြစ်ပါက ပြောင်းထားပါ။
- ပြီးနောက် ဖုန်းကို Reboot ချပေးပါ။

Sunday, January 24, 2016

Coolpad 7060s-s40 ကို Imei null ဖြစ်ပါက ဖြေရှင်းနည်း

 Coolpad 7060s-s40 ကို Imei null ဖြစ်နေပါက ဒီနည်းနဲ့ အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။
ပထမဆုံးလိုအပ်တာတွေ Download ရယူပါ။

ResearchDownload_2.9.9005

Coolpad 7060s-s40 Imei Fix

ပြီးရင် Research Download ကိုဖွင့်လိုက်ပါ။
Coolpad Imei Fix Pac ကိုရွေးပေးလိုက်ပါ။

Screenshot - 1_16_2016 , 3_36_09 PM

Screenshot - 1_16_2016 , 3_39_11 PM

Back Up ကိုရွေးလိုက်ပါ။ ဟိုးအောက်က File Backup ၃ခုကို အမှန်ဖြုတ်ပေးပါ။
Screenshot - 1_16_2016 , 3_41_08 PM

Screenshot - 1_16_2016 , 3_42_17 PM

ပြီးရင် Ok ကို နှိပ်လိုက်ပါ။ Flash လုပ်လိုက်ပါ။
အဆင်ပြေပါစေ။
 Credit: Phyo Chan

Android Phone Driver သွင်းနည်း

Android Phone များတွင် Driver မသိလို့အဆင်မပြေဖြစ်နေသူများအတွက် Driver ကို ညွန်းပြီး သွင်းတဲ့နည်းကို ပြပေးမှာဖြစ်ပါတယ်။ ပထမဆုံး အောက်ကလင့်မှာ Driver ကို Download လုပ်ပါ။
<< Android USB Driver Download >>
Download လုပ်လို့ရလာတဲ့ zip file ကို Right Click နှိပ် Extract Here နဲ့ Extract လုပ်ပေးပါ။
ပြီးရင်တော့အောက်မှာပြထားတဲ့အတိုင်းတဆင့်ချင်းစီလုပ်ဆောင်ပေးပါ။
ပထမဦးစွာ Computer Icon ကို Right Click နှိပ်ပြီး Manage ထဲဝင်ပါ။

 ပြီးနောက် Device Manager ထဲဝင်ပါ။
Driver မသိတဲ့ Device က Android ဆိုပြီး Exclamation mark ပြနေမည်ဖြစ်ပြီး  ထို Device ကို Right Click နှိပ်ပြီး Update Driver Software ထဲဝင်ပါ။
Browse my computer for driver software ကိုနှိပ်ပါ။
  
Let me pick from a list of device drivers on my computer ကိုဆက်နှိပ်ပါ။
 အောက်တွင်ပြထားသည့်ပုံအတိုင်းပေါ်လာရင် Next ကိုဆက်နှိပ်ပါ။

Have Disk ကိုရွေးပေးပါ။

ကျလာသော Box ထဲတွင် ခုနက Download ဆွဲပြီး zip ဖြည်ထားသော Folder ကိုသွားပြီး Folder ထဲရှိ 
android_win_usb.inf ကို ရွေးပြီး Open လုပ်ပေးပါ။ ပြီးနောက် အောက်မှာပြထားတဲ့အတိုင်း တဆင့်ချင်းစီ ဆက်လုပ်သွားပါ။



Windows has successfully updated your driver software ဆိုတဲ့ Box ကျလာရင်တော့သင့် Android Phoneကို Computer က Driver သိသွားပြီးဖြစ်ပါတယ်။

Samsung Phone Google Verify Bypass

Samsung Phone ၊ Lollipop Version ၊ Google Account ၀င်ထားတဲ့ Phone တွေမှာ
Recovery ကနေ Factory reset ချပြီးလို့ ပြန်တက်လာရင် အရင်ဝင်ထားတဲ့ Google Account ကိုပြန်တောင်းပါတယ်။ တကယ်လို့ Google Account ပြန်မထည့်ပေးနိုင်ရင်တော့ ၄င်းအဆင့်ကနေဆက်သွားလို့မရတော့ပါဘူး။ အခုပြပေးမှာက ၄င်းအဆင့်ကို ကျော်တဲ့နည်းပါ။ လိုအပ်တဲ့ Software ကတော့ samsung bypass google verify.apk ဖြစ်ပါတယ်။ အောက်ကလင့်မှာ Download လုပ်နိုင်ပါတယ်။
http://d-h.st/B9sx



Download လုပ်ပြီးရလာတဲ့ samsung bypass google verify.apk ကို SD Card ထဲကူးထည့်ပါ။ပြီးရင် ၄င်း SD Card ကို OTG သုံးလို့ရတဲ့ Card Reader ထဲထည့်ပြီး Samsung Phone မှာတပ်ပါ။ ဒါဆိုရင် ဖုန်းမှာ SD Card ပေါ်လာမှာဖြစ်ပြီး ၄င်း SD Card ထဲက samsung bypass google verify.apk ကို install လုပ်ပေးပါ။ပြီးရင် ၄င်း app ကို install လုပ်ပြီးတာနဲ့ တခါထဲ Open လုပ်ပါ။ ၄င်း app ကို ဖွင့်လိုက်ရင် ဖုန်းရဲ့ setting ထဲရောက်သွားမှာဖြစ်ပြီး setting ထဲကမှတဆင့် Factory Reset ချပေးရမှာဖြစ်ပါတယ်။ Factory Reset ချရင် Google Account ပြန်ထည့်ပေးစရာမလိုတော့ပါ။ Factory Reset ချပြီးလို့ ပြန်တက်လာရင် Google Account ထည့်ပေးရမယ့်အဆင့်မှာ Skip နဲ့ကျော်လို့ရသွားမှာဖြစ်ပါတယ်။
အားလုံးအဆင်ပြေပါစေ။

Friday, January 22, 2016

ရောင်းချထားသည့် hoverboard အားလုံးအတွက် ငွေပြန်အမ်းပေးမည်ဟု Amazon ထုတ်ပြန်



Amazon သည် အမေရိကန်နှင့် ကနေဒါအပါအဝင် ဝက်ဘ်ဆိုက်မှတစ်ဆင့် ရောင်းချခဲ့သော hoverboard အားလုံးအတွက် အပြည့်အဝ ငွေပြန်အမ်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ကုမ္ပဏီအနေဖြင့် နှစ်ဘီးတပ်ဘုတ်များတွင် အဖြစ်များသော ပြုတ်ကျမှုနှင့် မီးလောင်မှုများအတွက် ယခုကဲ့သို့ ငွေပြန်အမ်းခဲ့ခြင်း ဖြစ်သည်။
အမေရိကန်လူသုံးကုန်ပစ္စည်းလုံခြုံရေးကော်မရှင် (CPSC) က Amazon ၏ ဆုံးဖြတ်ချက်ကို ချီးကျူးသွားခဲ့သည်။ အခြားလက်လီရောင်းချသူနှင့် ထုတ်လုပ်သူများအနေဖြင့် ယခုကဲ့သို့ ပြုလုပ်လာမည်ဟု မျှော်လင့်ကြောင်း ကော်မရှင်ကပြောကြားခဲ့သည်။ CPSC သည် ဒီဇင်ဘာလကစတင်၍ hoverboard များ၏ လုံခြုံရေးပြဿနာများကို စုံစမ်းစစ်ဆေးခဲ့သည်။ အဆိုပါ hoverboard များနှင့် ပတ်သက်သည့်အခါတိုင်း အရေးပေါ်အခန်းနှင့် ပြင်းထန်သော ဒဏ်ရာများ ရရှိမှု ကိန်းဂဏန်းမြင့်တက်လာကြောင်း ကော်မရှင်ကထုတ်ပြန်ခဲ့ပြီး hoverboard များမှ ပြုတ်ကျမှုနှင့် ဒဏ်ရာရရှိမှုများကို တိုးချဲ့၍ စုံစမ်း စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“လက်ရှိမှာ hoverboard ပေါ်က ပြုတ်ကျမှုနှုန်းက မြင့်တက်နေပါတယ်။ ဒဏ်ရာတွေက စီးတဲ့သူ ဒါမှမဟုတ် hoverboard ရဲ့ အမှားကြောင့်ဆိုတာ သိဖို့စုံစမ်းစစ်ဆေးနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ စိတ်ပူတာက ဒီထုတ်ကုန်တွေရဲ့ လက်ရှိဒီဇိုင်းက သုံးစွဲသူရဲ့ မတူညီတဲ့ အလေးချိန်နဲ့ အရှိန်မြှင့်မောင်းခြင်း ဒါမှမဟုတ် တိမ်းစောင်းခြင်းစတာတွေကို ထည့်မစဉ်းစားထားပါဘူး” ဟု CPSC ဥက္ကဌ အီလီယော့အက်ဖ်ကေးက ထုတ်ပြန်ခဲ့သည်။
အားလပ်ရက်ဈေးဝယ်ရာသီ ပြီးဆုံးပြီးနောက် လူမှုရေးမီဒီယာတွင် ကလေးများ၊ မိဘများနှင့် နာမည်ကျော်ကြားသူများ၏ hoverboard များပေါ်မှ ပြုတ်ကျသော ဗီဒီယိုများစွာ ပေါ်ထွက်လာသည်။ ပြုတ်ကျမှုအချို့ကြောင့် ပြင်းထန်စွာ ဒဏ်ရာရနိုင်ပြီး သေရာပါဒဏ်ရာအထိ ရရှိနိုင်ကြောင်း CPSC က သတိပေးထားပြီး သုံးစွဲသူများအားလုံး လုံခြုံရေးပစ္စည်းဝတ်ဆင်ကြရန် မှတ်ချက်ပြုထားသည်။ CPSC အနေဖြင့် hoverboard ကိုအားသွင်းစဉ် မီးခိုး သို့မဟုတ် မီးလောင်မှု ဖြစ်ပွားသည့် ၃၉ ခုထက်မနည်းသော အမှုများကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
Ref. internetjournal


Android Phone တွေကို Root ပြုလုပ်နိုင်သည့် KingRoot Update 4.80 Version

Android Phone တွေကို Root ပြုလုပ်နိုင်သည့် KingRoot Update Version လေးဖြစ်ပါတယ်။  အောက်ကလင့်မှာ Download ပြုလုပ်နိုင်ပါတယ်။ Root ပြုလုပ်ဖို့တော့ ဖုန်းမှာ Internet လိုင်းချိတ်ထားရမှာဖြစ်ပါတယ်။
< Software ရယူရန် >

OPPO Neo3 (R831K) Firmware တင်နည်း

OPPO Neo3 (R831K) Firmware တင်နည်း

 -OPPO Neo3 (R831K) Firmware ကိုအောက်ကလင့်မှာ Download ဆွဲပါ။
<<Download Here>>
-SD card ထဲသို့ R831K_11.A.06_OTA_INT_006_all_140624.zip (Firmware zip) ကို Copy ကူးထည့်ပါ။ SD Card ကို phone ထဲထည့်ပါ။
- phone ကို ပါဝါပိတ်၊ battery ဖြုတ်၊ ပြန်တက်ပြီး Power key နဲ့ Volume down key ကိုတွဲနှိပ်ပြီး recovery mode ထဲဝင်ပါ။

- recovery mode ထဲတွင်
English > Install from sd > From SD > R831K_11.A.06_OTA_INT_006_all_140624.zip > Yes အောက်ပုံမှာပြထားတဲ့အတိုင်း တဆင့်ချင်းဝင်ပြီး install လုပ်ပေးပါ။
- Firmware တင်ပြီးပါက ကျလာသော message box ထဲတွင် Reboot ကိုရွေးပေးပါ။